IQ (Intelligence Quotient) ဆိုတာ သတ်မှတ်ထားတဲ့မေးခွန်းတွေကိုဖြေပြီး ရလာတဲ့ရမှတ်ဖြစ်သည်။
သာမန်လူတစ်ယောက်ရဲ့ IQ က 100 ဝန်းကျင်ဖြစ်ပြီး ကမ္ဘာမှာအများဆုံးသူများလည်းရှိသည်။
ဖြေတဲ့အခါတိုင်းမှာ ရမှတ်အပြောင်းအလဲရှိသဖြင့် ဘယ်သူအများဆုံးရယ်လို့တော့ပြောရခက်၏။
IQ အများဆုံးသူတွေကတော့
-
William James Sidis (အမေရိကန်မှာမွေးဖွားသူ)
သူကတော့ ခန့်မှန်းခြေ IQ 250 နဲ့ 300 ကြားမှာရှိသည်။
သူက Harvard တက္ကသိုလ်ကို အသက် ၁၁ နှစ်မှာတက်ခွင့်ရသူလည်းဖြစ်သည်။
သူဟာ ဘာသာစကားနဲ့ သင်္ချာတွေမှာလည်းအတော်လေး တော်တယ်လို့နံမည်ကြီးပါသည်။ -
Terence Tao (သြစတြေးလျမှာမွေးဖွားသူ)
သူကတော့ ခန့်မှန်းခြေ IQ 225 နဲ့ 230 ကြားမှာရှိသည်။
သူက သင်္ချာပါမောက္ခ တစ်ယောက်ဖြစ်ပြီး သင်္ချာနဲ့ပက်သက်တဲ့ ဆုတံဆိပ်ပေါင်း များစွာရရှိထားသည်။
နောက်ထပ် IQ များတဲ့သူတွေများစွာရှိပြီး အားလုံးနီးပါး သင်္ချာမှာတော်ကြပါသည်။
ဒါကြောင့် အလုပ်တွေနဲ့ IQ ဟာဆက်စပ်မှု ရှိ၏။ IQ များတဲ့သူဟာ ခက်ခက်ခဲခဲ တွက်ချက်ရတဲ့အလုပ်တွေနဲ့ ရှုပ်ထွေးတဲ့အရာကိုကိုင်တွယ်ရတဲ့ အလုပ်တွေမှာ အောင်မြင်ကြသည်။
Computer Programmer တစ်ယောက်ဟာ IQ ကိုအကြမ်းဖျင်း 90 ကနေ 130 ကြားရှိရင်လုပ်နိုင်ပြီဖြစ်သည်။
သာမန်လူတစ်ယောက်ဟာ 85 ကနေ 115 ကြားမှာရှိကြတယ်လို့ဆိုပါသည်။
အဲ့တော့ Computer Programmer တစ်ယောက်ဟာ သာမန်လူတွေထက် IQ နည်းနည်းပိုမြင့်မှ ရတယ်လို့ပြောရင်မှန်သည်။
ဒါပေမယ့် scientist, doctor တွေလောက်ထိ IQ မြင့်စရာမလိုပါဘူး။